BRICS အစည်းအ‌‌ဝေးတက်ရောက်ရန် အိန္ဒိယသို့ ပူတင်ရောက်ရှိလာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် စက်တင်ဘာ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံ နယူး‌ဒေလီမြို့တော်သို့ ရောက်ရှိလာခဲ့သည်။

ပူတင်နှင့် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်တို့သည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အိန္ဒိယသံတမန်ရေးရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်သမ္မတ ရှီကျင်းပင်ကလည်း နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ အစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် သီးသန့်တွေ့ဆုံဖွယ်ရှိသည်။

ရုရှား၏ Ria Novosti သတင်းအေဂျင်စီက ထုတ်လွှင့်သည့် ရုပ်သံမှတ်တမ်းများအရ ပူတင်သည် နယူးဒေလီရှိ ဖလမ်း လေတပ်စခန်းသို ရောက်ရှိလာခဲ့ပြီး ၎င်းအား အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ကီရာ တီဗာဒန်ဆင်း က ကြိုဆိုခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက်မူ အဆိုပါခရီးစဉ်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *