ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီးသည့်လူငယ်တစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ပြီးနောက် ကိုယ်ခန္ဓာနှင့်စိတ်ဓာတ်ကြံ့ခိုင်မှုအပြည့်ဖြင့် ပြောင်းလဲတိုးတက်လာပုံများ၊ တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံတော်နှင့်တပ်မတော်အပေါ် အမိန့်နာခံတတ်မှုနှင့်သစ္စာစောင့်သိမှု၊ ရဲဘော်အချင်းချင်းထားရှိသည့် စွန့်လွှတ်အနစ်နာခံမှုများကို ဖော်ကျူးရိုက်ကူးထားသည့် ပြည်သူ့စစ်မှုထမ်းဂုဏ်ပြု“တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်”ဇာတ်လမ်းအား ၁၂-၉-၂၀၂၆ ရက် ၁၉:၀၀ နာရီနှင့် ၂၀:၀၀ နာရီသတင်းပြီးအချိန်များတွင် MWD HD Channel နှင့် MWD Variety HD Channel တို့မှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်အသိပေးအပ်ပါသည်။
ပြည်သူ့စစ်မှုထမ်းဂုဏ်ပြု “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဇာတ်လမ်းအားထုတ်လွှင့်သွားမည်
