သကြားပါဝင်မှုများတဲ့ အချိုရည်တွေကိုနေ့တိုင်းသောက်သုံးတာဟာ အစာအိမ်ကင်ဆာဖြစ်ပွားနိုင်မှုကို ၁၄၅ ရာခိုင်နှုန်းတစ်နည်းအားဖြင့် ၂ ဒသမ ၄၅ ဆ အထိပိုမိုမြင့်မားသွားစေနိုင်တယ်လို့ မကြာသေးမီကပြုလုပ်ခဲ့တဲ့ သုတေသနအသစ်တစ်ခုမှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ Mass General Brigham Cancer Institute မှ သုတေသီတွေဟာ လူ ၁၁၂၀၀၀ ကျော်ရဲ့နှစ်ပေါင်းများစွာ စားသောက်နေထိုင်မှု တွေကိုလေ့လာခဲ့ကြတာပါ။
တွေ့ရှိချက်အရ တစ်လမှာတစ်ကြိမ်လောက်သာ အချိုရည်သောက်သူတွေနဲ့နှိုင်းယှဉ်ရင် အချိုရည် ဒါမှမဟုတ် အသီးဖျော်ရည်တွေကို တစ်ရက်ကို အနည်းဆုံး တစ်ကြိမ်သောက်သုံးသူတွေမှာ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ သိသိသာသာမြင့်တက်နေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေမှာ တစ်ရက်ကိုအချိုရည် တစ်ကြိမ်ထက်ပိုသောက်ရင် ကင်ဆာဖြစ်နိုင်ခြေ ၃ ဆကျော်အထိ ပိုများသွားတာကိုပါ တွေ့ရှိခဲ့ရပါတယ်။ အချိုရည်တွေမှာ သုံးလေ့ရှိတဲ့ Fructose သကြားဓာတ်ဟာ ဒီလိုကင်ဆာဖြစ်ပွားမှုနဲ့အဓိကဆက်စပ်နေတယ်လို့ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အစာအိမ်ကင်ဆာကြောင့် သေဆုံးမှုက အဆင့်၅ နေရာမှာရှိနေတာကြောင့် အချိုရည်ကိုလျှော့သောက်ဖို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။ Ref: STDကိုထက်
