ရုရှားက ရေပေါ်အမြောက်စခန်းတစ်ခုကို စမ်းသပ်နေ

ပင်လယ်ရေကြောင်းလုံခြုံရေးနဲ့  ကမ်းရိုးတန်းကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့အတွက် ရုရှားတပ်မတော်ဟာ ရေပြင်ပေါ်မှာမျောပါကာ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ရေပေါ်အမြောက်စခန်းစနစ်အသစ်တစ်ခုကိုစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီရေပေါ်စခန်းတွေဟာ အဝေးထိန်းစနစ် သို့မဟုတ် အလို အလျောက် ပစ်ခတ်နိုင်တဲ့ စက်သေနတ်နဲ့ အမြောက်စနစ်တွေ တပ်ထားတဲ့ပလက်ဖောင်းတွေဖြစ်ပြီး ကမ်းရိုးတန်းစခန်းတွေ၊ ဆိပ်ကမ်းတွေနဲ့ အရေးပါတဲ့ရေ ကြောင်း ဗျူဟာမြောက်နေရာတွေကို ရန်သူ့ဒရုန်းတွေ၊ စက်လှေတွေနဲ့ ကမ်းကပ်စစ်ဆင်ရေးတွေရန်ကနေ ကာကွယ်ဖို့ ရည်ရွယ်ဖန်တီးထားတာပါ။

ဒီစမ်းသပ်မှုက ခေတ်သစ်စစ်ပွဲတွေမှာ ရေကြောင်းဒရုန်းတွေရဲ့ ခြိမ်းခြောက်မှုမြင့်မားလာချိန်မှာ ကမ်းရိုးတန်း ကာကွယ်ရေးကို ကုန်ကျစရိတ်သက်သာစွာနဲ့ ပိုမိုထိရောက်စေဖို့ နည်းဗျူဟာအသစ်တစ်ရပ်အဖြစ် အကောင်အထည် ဖော်နေတာလည်း ဖြစ်ပါတယ်။ ဒီပလက်ဖောင်းတွေကို ရေပြင်ပေါ်မှာ အသေတပ်ဆင်ထားနိုင်သလို လိုအပ်တဲ့ စစ်ဆင် ရေးနယ်မြေတွေဆီကိုရွှေ့ပြောင်းတပ်စွဲနိုင်ဖို့ပါ ရုရှားအင်ဂျင်နီယာတွေက ပုံစံထုတ်ထားတာပါ။

စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ အခုလိုစနစ်တွေအသုံးပြုတာကြောင့် စစ်သင်္ဘောကြီးတွေ အမြဲတမ်းတပ်စွဲထားစရာမလိုဘဲ အရေးပါတဲ့ ပင်လယ်ကွေ့တွေနဲ့ ရေလမ်းကြောင်းတွေကို ၂၄ နာရီပတ်လုံးစောင့်ကြည့် နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *