


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား အထူးဒေသ(၄)သို့ သွားရောက်ခဲ့ကြောင်း သိရပါတယ်။
ခရီးစဉ်အတွင်း NSPNC ကိုယ်စားလှယ်အဖွဲ့ဟာ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး အပြန်အလှန်နားလည်ယုံကြည်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မြှင့်တင်ရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
