ရှန်ဟိုင်း၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai”အား  နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ရှန်ဟိုင်းမြိုရှိ Radisson Hotel ၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ဖွင့်ပွဲအခမ်းအနားသို တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက MCITP-2026 Shanghai ထိပ်သီးအစည်းအဝေးကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ကွန်ဖရင့်သို့ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *