ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခကြေးငွေမျှ လုံးဝမကောက်ခံဘဲ ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောလ်ပင်များ ထောက်ပံ့မည်ဟုဆို

ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခကြေးငွေမျှ လုံးဝမကောက်ခံဘဲ ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောလ်ပင်များ ထောက်ပံ့မည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များကို ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

ကျောင်းလခ၊မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာကြေးနှင့် စာကြေးတိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ ၊ဘောပင်များ အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ အသိပေးချက်တွင် ဖော်ပြထားသည်။

ထောက်ပံ့ပေးမည့် စာအုပ်၊ ဘောလ်ပင်များမှာ သူငယ်တန်း(KG)မှ Grade 12 အထိ အခမဲ့ထောက်ပံ့မည်ဖြစ်ကာ စာသင်နှစ်အလိုက် ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

မိဘအုပ်ထိန်းသူပြည်သူများအနေဖြင့် ငွေကြေးသို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ဆရာ၊ဆရာမများ ဝန်ထမ်းများကို ပေးအပ်ခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *