ရုရှားသမ္မတဗလာဒီမာပူတင်သည် တရုတ်သမ္မတရှီကျင်းပင်နှင့်တွေ့ဆုံ၍ စကင်ဒီနေးဗီးယန်းမှသည် အရှေ့တောင်အာရှအထိ မဟာဗျူဟာမြောက်မိတ်ဖက် နက်ရှိုင်းလာရေးကို ဆောင်ရွက်ရန် မေ ၁၉ ရက်တွင် ပေကျင်းမြို့ကို ရောက်ရှိလာခဲ့သည်။
ပူတင်သည် တရုတ်နိုင်ငံသို့ ပုံမှန်လာသော ဧည့်သည်တော်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုတစ်ကြိမ်သည် ပူတင် ၏၂၅ ကြိမ်မြောက် တရုတ်ခရီးဖြစ်သည်ဟု ဆိုသည်။
ပူတင်သည် စက်တင်ဘာတုန်းက တရုတ်နိုင်ငံသို့ နောက်ဆုံးလာခဲ့ရာ ထိုစဉ်တုန်းက ရှီ၏ဂုဏ်ပြုတပ်ဖွဲ့က ပူတင်ကို ကြီးမားသော စစ်ရေးပြအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။
ယခုအပတ်ထဲတွင် ပူတင်က ပြောကြားခဲ့ရာ၌ မိမိနှင့် ရှီတို့သည် ရုရှား-တရုတ် မိတ်ဖက်ပြုမှု နက်ရှိုင်းစေရန် အလားအလားမှန်သမျှကို ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ကမူ ရုရှားနှင့်ဆက်ဆံရေးသည် သံမဏိကဲ့သို့ ခိုင်မာမှုရှိကြောင်း သတ်မှတ်ထားသည်။ ရှီက ထရန့်ကို ကြိုဆိုခဲ့ပြီးနောက် တရုတ်-ရုရှား ဆက်ဆံရေးများသည် ဆက်လက်ခိုင်မာနေသည်ကို တရုတ်သမ္မတက ပြသရန် ထက်သန်နေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
“အခု ပူတင်ရဲ့ခရီးစဉ်ဟာ တရုတ်-ရု ရှားတို့ရဲ့နှစ်ပေါင်း ၃၀ ကျော် ဆက်ဆံရေးတွေ ခိုင်မာမှုရှိနေတယ်ဆိုတာကို ၀ါရှင်တန်ကို သတိပေးလိုက်တာဖြစ်ပါတယ်” ဟု လန်ဒန် ကင်းကောလိပ်ရှိ နာတာရှာကွတ်က ပြောကြားခဲ့သည်။
“ရုရှားဟာ တရုတ်ရဲ့မဟာဗျူဟာကျကျ တွက်ချက်မှုတွေထဲမှာအခွင့်ထူးနေရာကို ရယူထားဆဲဆိုတဲ့ အာမခံချက်ကို မော်စကိုက အလိုရှိနေပါတယ်” ဟု သူက ပြောကြားသည်။
တရုတ်-ရုရှားဆက်ဆံရေးသည် သာတူညီမျှမှုရှိနေသည်ဆိုသည်ထက် ပိုမိုအလှမ်းဝေးနေသည်။
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှား-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၀ ပြည့်နှစ်တုန်းကထက် နှစ်ဆဖြစ်လာခဲ့သည်ဟု Mercator Institute For China Studies (MERiCS) က ထုတ်ပြန်သော အချက်အလက်များအရသိရသည်။
ရုရှားထံမှ တရုတ်တင်သွင်းသည့် သွင်းကုန် ၇၀ ရာခိုင်နှုန်းကျော်သည် တွင်းထွက်လောင်စာဖြစ်သည်။ ထို့အပြင် တရုတ်သို့ ရုရှာရေနံတင်ပို့မှုသည် ၂၀၂၂ ခုနှစ်ကတည်းက ၃၀ ရာခိုင်နှုန်း ဝန်းကျင်မြင့်တက်လာခဲ့သည်ဟု MERICS က ဖော်ပြခဲ့သည်။
သို့သော်လည်း ရုရှားထံမှသွင်းကုန်သည် ၂၀၂၅ ခုနှစ်တွင် တရုတ်သွင်းကုန်များ၏ ငါး ရာခိုင်နှုန်းနီးပါးသာရှိသည်ဟု တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံသည် ရုရှားသွင်းကုန်များ၏ သုံးပုံတစ်ပုံကျော်ကို ကိုယ်စားပြုနေပြီး ၂၀၂၅ ခုနှစ်တွင် ရုရှားသွင်းကုန် သုံးပုံတစ်ပုံကျော်ကို တရုတ်မှ တင်သွင်းခြင်းဖြစ်သည်ဟု ရုရှားအစိုးရသတင်းဌာန TASS က၏ဖော် ပြချက်အရ သိရသည်။
သို့သော်လည်း နှစ်နိုင်ငံ နယ်နယ်စပ် ထိစပ်မှု ကီလိုမီတာ ၄၀၀၀ (မိုင် ၂၅၀၀ ကျော်) ရှိနေသော ရုရှားနှင့် တရုတ်တို့သည် အမေရိကန်၊ အနောက်အုပ်စုတို့၏ကမ္ဘာ့အစီအစဉ်ကို ဆန့်ကျင်ကြသည်။
