ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်ခဲ့သည်ဟု ရန်ကုန်မြို့တွင်နေထိုင်သူများက ပြောကြားသည်။
မေ ၁၈ ရက် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး သိသိသာသာခံစားခဲ့ရသည်ဟု သိရသည်။
” ငလျင်က သိသိသာသာလှုပ်တယ်။ ၁၀ စက္ကန့်လောက်ကြာတယ်။ တိုက်ပေါ်မှာနေတော့ သိသာတယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
“ကျနော်ဆို အောက်မှာမုန့်စားနေတာဆိုတော့ ငလျင်လှုပ်တာ သိသိသာသာ ခံစားလိုက်ရပါတယ်” ဟု ကျောက်တံတားမြို့နယ်နေသူတစ်ဦးက ပြောကြားသည်။
ငလျင်လှုပ်ခတ်သည်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ရန်ကင်း၊ တာမွေ အစရှိသည့် မြို့နယ်အများစုတွင်လည်း သိသိသာသာခံစားခဲ့ရသည်ဟု သိရသည်။
“ကျွန်တော်တိုနေတာ နှစ်ထပ်ပျဥ်ထောင်အိမ်ကိုပဲ သိသိသာသာခံစားလိုက်ရတယ်။ ရပ်ကွက်ထဲအချိုလည်း လန့်ပြီးအိမ်ပြင်ထွက်နေကြတယ်”ဟု မြောက်ဒဂုံတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်မြိုရှိ တိုက်ခန်းအချိုတွင် နေထိုင်သူများ တိုက်အောက်သို ဆင်းပြေးခြင်းများရှိသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ငလျင်မှာ ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြိုအနီး လှုပ်ခတ်ခဲ့ကာ ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိသည်ဟု မိုးဇလကထုတ်ပြန်သည်။
