ဥပဒေရေးရာ ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံကိန်း ဆောင်ရွက်မည့် အစီအမံများအပေါ် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊  ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများအား ရှင်းလင်းဆွေးနွေး

ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်   ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေ အရာရှိများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ဥပဒေ‌ရေးရာဝန်ကြီးဌာန၌ တွေ့ဆုံ၍ နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်များမှ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏အကာအကွယ် အညီအမျှရရှိရေးနှင့် ဥပဒေရေးရာ ဝန်ကြီးဌာန၏ ရက် (၁၀၀)စီမံကိန်းဆောင်ရွက်မည့် အစီအမံများအပေါ်  ရှင်းလင်းဆွေးနွေးသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ အဓိကလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ သေချာရေရာမှု (Legal  Certainty) ရှိခြင်းသည် တရားဥပဒေစိုးမိုးရေး (Rule of Law)၏ အညွှန်းကိန်းတစ်ရပ်ဖြစ်၍ ဥပဒေမူကြမ်းများတွင် Legal Certainty ရှိရန်နှင့် စနစ်တကျရှိရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်  ဒုတိယရှေ့နေချုပ် ‌ဒေါက်တာထိန်လင်းဦးက လုပ်ငန်းဆိုင်ရာ လမ်းညွှန်မှုများနှင့် တိုင်းဒေသကြီး၊  ပြည်နယ်ဥပဒေချုပ်များက လုပ်ငန်းဆောင်ရွက်မှု‌ အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *