ယနေ့ မေလ ၁၁ ရက် မနက်ပိုင်းမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဘန်ကောက်မြို့ရှိ Klong Prem အကျဉ်းထောင်ကနေ ခံဝန်နဲ့ လွတ်မြောက်လာခဲ့

နံနက် ၇ နာရီ ၄၁ မိနစ်မှာ ထောင်ကနေ ထွက်လာတဲ့ သက်ဆင်ဟာ သူ့ရဲ့အငယ်ဆုံးသမီးဖြစ်သူ ပေထုန်တန်ရှင်နာဝပ်ကို ဦးစွာဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပြီးနောက် ဒုတိယသမီး ပင်းထုန်ထာနဲ့ အကြီးဆုံးသား ဖြစ်သူ ပန်ထုန်တေးတို့ကို ဆက်လက်နှုတ်ဆက်ခဲ့ပါတယ်။

မိသားစုဝင်များ၊ လွှတ်တော်အမတ်များနဲ့ ဖြူးထိုင်းပါတီဝင်များက အကျဉ်းထောင်အပြင်ဘက်မှာ စောင့်ကြိုကာ ပန်းစည်းများဖြင့် အားပေးကြိုဆိုခဲ့ကြသလို လမ်းဘေးဝဲယာတွင် စုရုံးနေတဲ့ ရှပ်နီဝတ်ထောက်ခံသူ အများအပြားကလည်း ‘သက်ဆင်ကို ချစ်တယ်’ လို့ သံပြိုင်ကြွေးကြော်ရင်း နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

ယနေ့မှာ အသက် (၇၆) နှစ် ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြစ်ဒဏ်ရဲ့ သုံးပုံနှစ်ပုံ ကျခံပြီးနောက် လွတ်မြောက်လာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *