ဂျိုရှူအာဗန်(၂၄ နှစ်)ဟာ ပဉ္စမအချီ ပြီးဆုံးဖို့ ၁ မိနစ် ၃၂ စက္ကန့်သာ လိုတော့ချိန်မှာ အလဲထိုးနဲ့နဲ့အနိုင်ယူခဲ့တာဖြစ်တယ်။
အခုပွဲဟာ ဂျိုရှူအာဗန်ရဲ့ပထမဆုံး ချန်ပီယံကာကွယ်ပွဲဖြစ်ပြီး ရွှေခါးပတ်ကို အောင်မြင်စွာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ပန်တိုယာ လက်ဒဏ်ရာရသွားလို့ ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်လာတဲ့အပေါ် ဝေဖန်မှုအပေါ် ဂျိုရှူအာဗန်က အခုပွဲရလဒ်နဲ့ ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂျိုရှူအာအနေနဲ့ UFC မှာ နောက်ဆုံးခုနစ်ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး နောက်ဆုံးလေးပွဲအနက် သုံးပွဲက အလဲထိုးအနိုင်ယူခဲ့တာပါ။
UFC ပွဲ ၁၁ ပွဲ ထိုးသတ်ထားရာမှာတော့ ၁၀ ပွဲနိုင်၊ တစ်ပွဲရှုံးမှတ်တမ်း ရရှိထားပါတယ်။
မြန်မာMMAကစားသမား ဂျိုရှူအာဗန်ရဲ့ ဖလိုင်းဝိတ်ချန်ပီယံကာကွယ်ပွဲပါဝင်တဲ့ UFC 328 Main Card ကို မြန်မာစံတော်ချိန် နံနက် ၇ ၃၀ နာရီမှာ စတင်ထိုးသတ်ခဲ့ပြီး ဂျိုရှူအာဗန်နဲ့ တက်ဆူရိုတိုင်ရာတို့ရဲ့ဖလိုင်းဝိတ်တန်းပွဲဟာ Co-Main Event ဖြစ်လို့ စတုတ္ထမြောက်ပွဲစဉ်အဖြစ် ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
