ရာသီဥတု ပူပြင်းမှုကြောင့် ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်အတွင်းရှိ ဘေးမဲ့ငါး အမြောက်အမြားသေဆုံး

ာသီဥတု ပူပြင်းမှုကြောင့် ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်အတွင်းရှိ ဘေးမဲ့ငါး အမြောက်အမြားသေဆုံးခဲ့သည်ဟု မိုးစေတနာ ပရဟိတအသင်းထံမှ သိရသည်။

မေ ၇ ရက် နံနက်ပိုင်းမှ စတင်ကာ ငါးများသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အပူချိန်ကြောင့် ငါးများသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရကြောင်း အဆိုပါအသင်းမှ သိရသည်။

” အကောင်ရေကတော့ သောင်းချီရှိလောက်တယ်။ ငါးကြင်းဖြူနဲ့ တီလားပီယားငါးတွေက အများဆုံးပဲပေါ့။ နေပူကလည်း တော်တော်ပြင်းတော့ အပူချိန်ကြောင့် သေတာလို့ သုံးသပ်ရတယ်။ မနက်ပိုင်းမှာက အဲ့ဒီလောက်မသေဘူး။ နေ့လည်ပိုင်းကျော်လာတော့ သေတာများလာတယ်” ဟု မိုးစေတနာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်နှစ်များကလည်း အပူချိန်ပြင်းသည့်ကာလများတွင် ယခုကဲ့သို့ ငါးသေဆုံးမှုများရှိခဲ့ကြောင်း၊ လက်ရှိတွင် ပျဉ်းမနားစည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းကာ ကန်သန့်ရှင်းရေးကို ဆောင်ရွက်နေကြောင်း သိရသည်။

” ဒီမနက်မှာပဲ စည်ပင်ကလှမ်းအကြောင်းကြားတာနဲ့ ကျွန်တော်တို့ဆီက အသက်ကယ်လှေတွေနဲ့ ကန်ထဲမှာ ပေါ်နေတဲ့ ငါးအသေတွေကို ရှင်းလင်းပေးခဲ့တယ်” ဟု မိုးစေတနာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *