အကောက်ခွန်ဥပဒေအရ အရေးယူထားသည့် အီလက်ထရွန်နစ်နှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်

အကောက်ခွန်ဥပဒေအရ အရေးယူထားသည့် အီလက်ထရွန်နစ်နှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

လေလံတင်ရောင်းချမည့် ပစ္စည်းများမှာ အီလက်ထရွန်နစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အခြားအထွေထွေကုန်စည်များ ပါဝင်ကြောင်း၊ အဆိုပါလေလံပွဲကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ အကောက်ခွန် (ကုန်လှောင်ရုံ)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လေလံပွဲကို မေ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် လေလံပုံစံများကို တစ်စုံလျှင် ကျပ်၁၀၀၀၀ နှုန်းဖြင့် မေ ၆ ရက်နှင့် ၇ ရက် တို့တွင် ရုံးချိန်အတွင်း ဝယ်ယူရမည် ဖြစ်ကြောင်း၊ လေလံပုံစံဝယ်ယူထားသူများသည် မေ ၈ ရက်မှ ၁၂ ရက်အတွင်း (ရုံးဖွင့်ရက်များ) နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လေလံပစ္စည်းများကို သွားရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *