မြန်မာ့အွန်လိုင်းဈေးကွက်၏ အမှတ်အသားတစ်ခုဖြစ်ခဲ့သော Shop App MM  နိဂုံးချုပ်တော့မည်

မြန်မာနိုင်ငံတွင် အွန်လိုင်းဈေးဝယ်စနစ်ကို စတင်ခေတ်စားစေခဲ့ပြီး ပြည်သူများ၏ နေ့စဉ်ဘဝအတွင်း နှစ်ပေါင်းများစွာ အခြေချခဲ့သည့် Shop App MM သည် ၎င်းတို၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီကာလအတွင်း အပြီးတိုင် ရပ်နားတော့မည်ဖြစ်သည်။

ကုမ္ပဏီဘက်မှ ဧပြီလ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ဤသတင်းသည် အွန်လိုင်းဈေးဝယ်သူများအကြားတွင် များစွာ အံ့အားသင့်စေခဲ့သည်။

ယင်းကဲ့သို လုပ်ငန်းရပ်နားရန် ဆုံးဖြတ်ခြင်းမှာ လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်းနှင့် နှစ်ပေါင်းများစွာအတွင်း ဝယ်ယူသူများ၏ ယုံကြည်အားပေးမှုများအတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း ကုမ္ပဏီဘက်က ဆိုသည်။

လက်ရှိတွင် နောက်ဆုံးအမှာစာများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ်အထိသာ လက်ခံတော့မည်ဖြစ်ရာ မှာယူလိုသည့် ပစ္စည်းများရှိပါက အချိန်မီဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

လုပ်ငန်းများ အပြီးသတ်ရပ်နားခြင်း မပြုမီကာလအတွင်း ဝယ်ယူသူများ စိုးရိမ်ပူပန်မှုမရှိစေရန်အတွက် ကုမ္ပဏီဘက်က အာမခံချက်တစ်ခုကိုလည်း ထည့်သွင်းကြေညာထားသည်။ လက်ရှိ လက်ခံထားပြီးဖြစ်သည့် အမှာစာများ ပိုဆောင်ခြင်း၊ ပစ္စည်းများ ပြန်လည်ပေးပိုခြင်းနှင့် ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်အားလုံးကို တာဝန်ယူမှုအပြည့်ဖြင့် အဆင်ပြေချောမွေ့အောင် အပြီးသတ် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂ နှစ်တိုင်တိုင် မြန်မာ့စီးပွားရေး အပြောင်းအလဲများကြားတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည့် Shop app  အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်း၏ နောက်ကွယ်တွင် စီးပွားရေးနှင့် မဟာဗျူဟာမြောက် စိန်ခေါ်မှုများစွာ ရှိနေမည်ဖြစ်သည်။

မိခင်ကုမ္ပဏီဖြစ်သည့် Daraz Group သည် ပြီးခဲ့သည့် နှစ်များအတွင်း တောင်အာရှဒေသတစ်ခွင်၌ လုပ်ငန်းလည်ပတ်မှုစရိတ် လျှော့ချရေးနှင့် ဝန်ထမ်းအင်အား ပြန်လည်ပြင်ဆင်ရေးတိုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။
Alibaba ကဲ့သိုသော ကုမ္ပဏီကြီးများက ကမ္ဘာတစ်ဝန်းရှိ ၎င်းတို၏ လုပ်ငန်းများကို အပိုင်းလိုက် ခွဲထုတ်ကာ ပြန်လည်ဖွဲစည်းနေချိန်တွင် မြန်မာနိုင်ငံကဲ့သိုသော ဈေးကွက်ငယ်များမှ ထွက်ခွာရန် ဆုံးဖြတ်ခြင်းသည်လည်း အချက်တစ်ချက် ဖြစ်နိုင်ပါသည်။

အစဉ်အလာကြီးမားခဲ့သည့် လုပ်ငန်းတစ်ခု ပျောက်ကွယ်သွားသော်လည်း ယင်းက ချန်ရစ်ခဲ့သည့် အွန်လိုင်းဈေးဝယ် အတွေ့အကြုံများနှင့် ဈေးကွက်လိုအပ်ချက်များကို အခြားသော ပြည်တွင်းလုပ်ငန်းရှင်များက မည်သို ဆက်လက်ဖြည့်ဆည်းသွားမည်ကိုမူ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *