ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူမြို့မစျေးတွင် မီးလောင်မှု ဧပြီ ၂၆ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီ ၂၆ ရက်၊ နံနက် ၆ နာရီ ၂၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူမြို့မစျေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မီးသတ်ယာဥ် ၁၄ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
“ဓနုဖြူစျေးမီးလောင်တာပါ။အခုတော့မီးငြိမ်းသွားပါပြီ။လက်ရှိမှာအသေးစိတ်အချက်အလက်တွေကို စစ်ဆေးနေပါတယ်”ဟုဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိိသူတစ်ဦးက ပြောကြားသည်။
ဓနုဖြူမြို့မစျေး မီးလောင်မှုအား နံနက် ၇ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
