အမေရိကန်၏ ရေတပ်ပိတ်ဆိုမှု စတင်သော်လည်း ပိတ်ဆိုခံသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖြတ်သန်းနေ


​အီရန်ဆိပ်ကမ်းများကို အမေရိကန်ပြည်ထောင်စုက ရေတပ်ဖြင့် စတင်ပိတ်ဆိုလိုက်သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ ပိတ်ဆိုအရေးယူမှု(Sanction) ခံထားရသော ရေနံတင်သင်္ဘောများအပါအဝင် သင်္ဘောအချိုသည် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

​     အင်္ဂါနေ့တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည့် သင်္ဘော (၃)စင်းအနက် နှစ်စင်းမှာ အမေရိကန် ၏ ပိတ်ဆိုအရေးယူမှု ခံထားရသည့် သင်္ဘောများဖြစ် သည်။ ယင်းတိုအနက် ‘Rich Starry’ အမည်ရှိ တရုတ်ပိုင်သင်္ဘောမှာ ပိတ်ဆိုမှုစတင်ပြီးနောက်ပိုင်း ရေလက် ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်းခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *