MSME ပြပွဲများမှတစ်ဆင့် ဒေသထွက် ပုသိမ်ထီး ပြည်တွင်းဝယ်လိုအားကောင်းလာကြောင်း သိရ

MSME ပြပွဲများမှတစ်ဆင့် ပုသိမ်ထီးများကို စိတ်ပါဝင်စားမှုပိုမိုရရှိလာကာ ဒေသထွက်ပုသိမ်ထီးများ ပြည်တွင်းဝယ်လိုအားကောင်းလာကြောင်း ပုသိမ်မြိုရှိ ထီးလုပ်ငန်းရှင်များထံမှ သိရသည်။ ပုသိမ်ထီးသည် ပုသိမ်မြို့၏ ပြယုဒ်တစ်ခုအနေနဲ့ ရှေးယခင်ဘိုးဘွားများလက်ထက်ကပင် မှတ်ယူလာခဲ့ကြပြီး ပုသိမ်မြို့သို့လာရောက်ကြသူများက […]

PNLA ဌာနချုပ်တည်ရှိရာ မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာကို PNO/PNA သိမ်းပိုက်

ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အဖွဲရဲ့ ဌာနချုပ်တည်ရှိရာ ဗန်းမက်ကျေးရွာကို သိမ်းပိုက်လိုက်ပြီလို ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO/PNA) က သတင်းထုတ်ပြန်ထားပါတယ်။ မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာမှာရှိတဲ့ PNLA […]

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)တွင် ပါဝင်တက်ရောက်ကြမည့်အရည်အချင်းကိုက်ညီသူ   နိုင်ငံ့သားကောင်းများသည်သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိသင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက်    ကျောင်းအုပ်ကြီးများကသင်တန်းဖွင့်အမှာစကားများ  ပြောကြားကြသည်။ အဆိုပါ       သင်တန်းဖွင့်ပွဲများသို့နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ဒုတိယ တိုင်းမှူးများနှင့်တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊  စားသောက်ဖွယ်ရာများနှင့်အသုံးအဆောင်ပစ္စည်းများ   ပေးအပ်ကြပြီးသင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

အာဆီယံဘောင်အတွင်းမြန်မာပြန်ရောက်ရေးထိုင်းဦးဆောင်ကြိုးပမ်းမည်

မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတု က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို […]

ရင်ဖွင့်ဆွေးနွေးလိုပါက ၀၃၆-၃၀၇၉၅နှင့် ၀၉-၆၆၈၆၄၀၆၁၁ ကို ဆက်သွယ်လိုက်ပါရှင်

တပ်မတော်သားမိသားစုဝင်များ ကိုယ်ရေးကိုယ်တာ အခက်အခဲနဲ့ အလုပ်အကိုင်အခက်အခဲများ ကြုံတွေ့နေရတယ်ဆိုရင် ၀၃၆-၃၀၇၉၅နှင့် ၀၉-၆၆၈၆၄၀၆၁၁ ကို ဆက်သွယ်လိုက်ပါရှင့်။

၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း

၂၀၂၆ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အချိန်စာရင်းကို ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ နိုင်ငံပိုင်သတင်းစာများတွင် အသိပေး ထုတ်ပြန်လိုက်သည်။ ၂၀၂၆ ခုနှစ်၊ […]

မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့်သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများ မပြုလုပ်ကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အသိပေးထုတ်ပြန်

အနုပညာတင်ဆက်ဖျော်ဖြေမှုများတွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့်ပြကွက်များကို ရေးသားညွှန်ကြားသရုပ်ဆောင်မှုများကို မပြုလုပ်ဘဲ ရှောင်ကြည်ကြပါရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဖေဖော်ဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ထားသည်။ အနုပညာတင်ဆက်ဖျော်ဖြေမှုအချိုတွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့် သဘောမျိုးဖြင့် […]

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရေအားလျှပ်စစ်စီမံကိန်း  အကောင်အထည် ဖော် ဆောင်ရွက် နေမှုအခြေအ‌ေနများအားကြည့်ရှုစစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက ဟွေထိုက်ရေအားလျှပ်စစ် စီမံကိန်းအား   ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိမှုအခြေ အနေများနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာ ယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိုးရာသီမ ရောက်ရှိခင်ကာလအတွင်းလိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းများကိုဆောင်ရွက် သွားရန်၊လျှပ်စစ်ဓာတ်အားလိုင်းများသွယ်တန်းခြင်းလုပ်ငန်းများကြိုတင်စီမံဆောင်ရွက်ထားရန်နှင့် ဓာတ်အားဖြန့်ခွဲမည့်  အစီအမံများအား ကြိုတင်ရေးဆွဲထားရှိရန်၊ ရာသီဥတု ဆိုးရွားသည့်နေရာဖြစ်သဖြင့် အခြေခံ Foundation များအား မိုးရာသီမတိုင်မီပြီးစီး အောင်ဆောင်ရွက်သွားရန်၊      ယခုစီမံကိန်းမှတစ်ဆင့်  ဒေသ၏လူမှုအကျိုးစီးပွားကို များစွာအထောက်အကူပြုနိုင်သဖြင့်  စီမံကိန်းအား စနစ်တကျဖြင့်ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားရန်နှင့်အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည်ဟွေထိုက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံစံငယ်နှင့်  ဓာတ်အား ပေးစက်ရုံတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါ  ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအား စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်တွင် ၂၀၂၃ ခုနှစ်မှ စတင်၍ တည်ဆောက်နေခြင်းဖြစ်ပြီး ၄ မဂ္ဂါဝပ်တပ်ဆင်စက်အင်အားရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ  တည်ဆောက်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား   ၂၀   ဒသမ၃၈၁ ကီလို ဝပ်နာရီသန်းကို  ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက လဟယ်မြို့နှင့် အနီးပတ် ဝန်းကျင်ကျေးရွာ  ၁၂  ရွာ၊ အိမ်ထောင်စု ၁၇၁၈ စုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည့်   အကျိုးကျေးဇူးများကိုရရှိစေမည်ဖြစ်သည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည်  အဖွဲ့ဝင်များလိုက်ပါ၍  လဟယ်မြို့၊  ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းသို့ရောက်ရှိပြီး    နာဂတောင်တန်းသာသနာပြုဗဟိုခေါင်းဆောင် ဆရာ တော် မဟာသဒ္ဓမ္မဇောတိကဓဇသာသနဓဇဓမ္မာစရိယ  ဘဒ္ဒန္တသုမနအားဖူးမြော်ကြည် ညိုကာ စုပေါင်းနဝကမ္မအလှူတော်ငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက    ဆရာတော်အား သာသနာတော်  ထွန်းကားပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး ဆရာတော်၏မိန့်ကြားမှုအပေါ်    လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို လမ်းညွှန် မှာကြားသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌသည် လဟယ်မြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံ၍ ပညာရေးကြိုးစားအားထုတ်မှုရှိစေရေး အားပေးစကားပြောကြားသည်။ အလားတူ  နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့်ဇနီးဒေါ်ကြူကြူလှသည် ကော်မရှင်အတွင်းရေးမှူး၏ဇနီး၊ အဖွဲ့ဝင်များလိုက်ပါ၍ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုသီလရှင်ကျောင်းသို့  သွားရောက်၍  သီလရှင်ဆရာကြီးများအား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် သီလရှင်ဆရာကြီးများ၏ မိန့်ကြားမှုများအပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။     

မော်တင်စွန်းဘုရားပွဲကာလ ငွေတောင်ကမ်းခြေနှင့် ကျောက်ကလပ်ကမ်းခြေသို့ လာရောက်လည်ပတ် သူများပြားကြောင်းသိရ

မော်တင်စွန်းဘုရားသို လာရောက်လည်ပတ်ကြသောဘရားဖူးခရီးသည်များ မော်တင်စွန်းနှင့် အနီးတစ်ဝိုက်တွင်ရှိသော ငွေတောင်ကမ်းခြေနှင့် သဘာဝအလျောက် တည်ရှိနေသော ကျောက္ကလပ်ကမ်းခြေများသိုလည်း သွားရောက်လည်ပတ်ကြကြောင်း သိရသည်။