သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သမ္မတဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ကို လက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်မှာ တရုတ်နိုင်ငံသို့…