(၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်း

၂၀၂၆ ခုနှစ်၊ (၈၁) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်  (၃၂)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂) စစ်တီးဝိုင်း အသင်း၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်း၊   အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း၊အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်း အသင်းနှင့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ကြသည်။

အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို  တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပ ရေးကော်မတီမှ တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲ ဝင်အသင်းများနှင့် ဖိတ်ကြားထားသူများက  ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *