❝ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများအပေါ် တန်ပြန်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာ-ရုရှားဆွေးနွေး❞

အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများအပေါ် တန်ပြန်ခြင်းဆိုင်ရာ ကိစ္စရပ်အတွက် မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာဆာဂေးရွှင်းဂူ တို တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာဆာဂေးရွှင်းဂူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို ရောက်ရှိနေခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၌ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေပိုင်းက လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *