KIA/PDF ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို တပ်မတော်နဲ့ SNA က ရက်ပိုင်းအတွင်း အပြည့်အဝ ပြန်လည်ထိန်းချုပ်မည်

အကြမ်းဖက် KIA/PDF အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက ဗန်းမောက်မြို့ကို တပ်မတော်နဲ့ ရှမ်းနီအမျိုးသားများတပ် (SNA) က မကြာမီ ရက်ပိုင်းအတွင်း အပြည့်အဝ ပြန်လည်ထိန်းချုပ်တော့မှာ ဖြစ်ပါတယ်။

တပ်မတော်နဲ့ SNA ပူးပေါင်းအဖွဲတွေက ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ကာ ဗန်းမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဇန်နဝါရီလ (၁၈)ရက်နေ့မှာတော့ ဗန်းမောက်မြို့ရဲ့ ရပ်ကွက် (၃)ခုအနက် မြို့အနောက်ခြမ်းက လွှစင်ကုန်းရပ်ကွက်နဲ့ မြနန္ဒာရပ်ကွက်တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ တပ်မတော်နဲ့ SNA ပူးပေါင်းအဖွဲဝင်တွေဟာ အကြမ်းဖက် KIA/PDF အဖွဲ့ဝင်တွေရှိရာ ဗန်းမောက်မြို့အရှေ့ခြမ်းက အောင်သာကုန်းရပ်ကွက်ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြို့ရဲ့ (၈၀) ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်နေပြီလို သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *