ဇန်နဝါရီလ ၁၅ ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်က သူရဲသမိန်ရှေ့ရွာလမ်းမတွင်ဖြတ်သန်းသွားလာသည့် စက်စုကျေးရွာနေ ဦးတိုးဝင်း၊ အသက် ၆၄ နှစ်၊ (ဘ)ဦးသန်းကျော်၊ လယ်လုပ်သူနှင့် ဦးဖိုးဇော်၊ အသက် ၅၇ နှစ်၊ (ဘ)ဦးမြင့်၊ လယ်လုပ်သူတို့နှစ်ဦးအား စစ်တောင်းမြစ်တစ်ဘက်ကမ်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ရွာအနီး မင်းသိဒ္ဓိဘုရားဘုန်းဘက်မနေ၍ KNU/PDF အကြမ်းဖက်အဖွဲ့မှ စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးဖိုးဇော်တွင် ရင်ဝဖောက်ထွက်ဒဏ်ရာရရှိကာ(သေဆုံး)ခဲ့ပြီး၊ ဦးတိုးဝင်းတွင် ဝဲရင်အုံထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
