ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်အသစ်လဲလှယ်ရန် အသိပေး

ပြန် ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေထွက်ရှိသည့် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ၅ နှစ်သက်တန်းဖြင့် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိအမှတ်ပြုလက်မှတ်ကုန်ဆုံးပါက နည်းဥပဒေအရ သက်တမ်းကုန်ဆုံးသည်ရက်မှစ၍ ရက်ပေါင်း (၆၀) အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေ ကျပ်တစ်သောင်းဖြင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် အသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

သက်တမ်းကုန်လွန်သောအသိအမှတ်ပြုလက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မရှိကြောင်းနှင့် သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *