ယနေ့ ဇန်နဝါရီ (၁၅)ရက်၌ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း(၆၀)ရှိကြောင်း မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှုဦးစီဌာနက အသိပေးထုတ် ပြန် သည်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပြီးကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင် တိမ်အသင့်အတင့် ဖြစ် ထွန်းမည်ဟု မိုး/ဇလက ဆိုသည်။
နောက် (၂)ရက်အတွက် ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တ လေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ကြောင်းလ ည်း အသိပေးထားသည်။
