တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် သည် တောင်ကိုရီးယားနိုင်ငံသမ္မတ လီဂျေမြောင် နှင့် ပေကျင်းမြို့တော်တွင် ဇန်နဝါရီလ ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရန် နှစ်ဘက်လုံးက သဘောတူခဲ့ကြကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များက နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာရေးရာများအတွက် တွေ့ဆုံဆွေးနွေး
