သက်တော် ရှည် ဆရာတော်ကြီးဘဒ္ဒန္တဥတ္တရ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပပြုလုပ်

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော်(၈၅)နှစ်၊  သိက္ခာတော်(၆၅)ဝါ၏ အန္တိမအဂ္ဂိဈာပနကိုယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသည့် ပြည်နယ်သံဃနာယကအကျိုးတော်ဆောင်ဝန်းသိကျောင်းတိုက်ဆရာတော်  အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေတုမာလာအမှူးပြုသောသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဒါယကာ၊ ဒါယိကာမများတက်ရောက်ကြသည်။ ဦးစွာအခမ်းအနားကို “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာကို ရွတ်ဖတ်၍ စတင်ခဲ့ပြီး တက်ရောက်လာကြသူများက ဝန်းသိုကျောင်းတိုက်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ထို့နောက် ဦးဉာဏသိန်း (မန္တလေး)က ဘဝနတ်ထံဝင်စံတော်မူသော သောင်ဦးကျောင်းဆရာတော်ကြီး၏  ထေရုပ္ပတ္တိအကျဉ်းအား  ဖတ်ကြားလျှောက်ထားသည်။ ၎င်းနောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက   သံဃာတော်များအား  လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကြပြီးဈာပနကော်မတီဥက္ကဋ္ဌ ပေါ်ဦးကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တနာရဒက  သောင်ဦးကျောင်းဆရာတော်ကြီး၏တပည့်ရဟန်းသာမဏေများနှင့်ဒါယကာ၊ ဒါယိကာမများအား ဆရာတော်ကြီးအပေါ်၌ အပြစ်ရှိကခွင့်လွှတ်ပါရန်  တောင်းပန်လွှာကိုတိုင်တည်ပေးသည်။ ဆက်လက်၍သောင်ဦးကျောင်းတိုက်ဆရာတော်ကြီး၏ဥတုဇရုပ်ကလာပ်တော်ကိုသံဃာတော်များ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊  ဒါယကာ၊ဒါယိကာမများက ယာယီစံကျောင်းမဏ္ဍပ်သို့ အဆင့်ဆင့်ပင့်ဆောင်ကြသည်။ နေ့လယ်ပိုင်းတွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို မြစ်ကြီးနားမြို့အတွင်း  ဈာပနလမ်းကြောင်းအတိုင်းလှည့်လည်ပူဇော်ခံပြီးလောင်တိုက်တော်၌ အန္တိမအဂ္ဂိဈာပနပူဇာ  ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။                      

တပ်မတော်အတွက်တစ်ဖက်တစ်လှမ်းက အထောက်အကူရနေတဲ့ ပျိုမေ vlog

ပျိုမေ Vlog အဖွဲ့ကို ဘယ်ကမှန်းမသိပေမယ့် သူတို့ရဲ့ ရိုက်ကူးချက်လေးတွေ စိတ်ကူးစိတ်သန်းလေးတွေကို သဘောကျလို့ ကိုယ်တွေအကောင့်တွေမှာ အမြဲယူတင်ဖြစ်တယ်.. သတိထားမိသလောက်ဆိုရင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁) စပြီးခေါ်တဲ့အချိန်မှာ ဒီအဖွဲ့ပေါ်လာတယ်ထင်တာပဲ..သူတို့ရဲ့ရိုက်ကူးချက်လေးတွေက […]

အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့်မြိုနယ်များ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြိုနယ်များ သတ်မှတ်ကြေညာခြင်း။

အလောင်း၊ လက်နက်များရရှိ (ကလေး)

အောက်တိုဘာ ၂၇ ရက် နေ့လည်ပိုင်းက ကလေးမြို့နယ်၊ ထိုမာရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းအား အကြမ်းဖက်သမား ၂၅ ဦးခန့်တို့ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် […]

တမူးတွင် အကြမ်းဖက် အလောင်း၊ လက်နက်များသိမ်းဆည်းရရှိ

အောက် ၂၇ ညနေပိုင်းက တမူးမြို့နယ် ၊ ခွန်မွန်းနွံကျေးရွာသို့ နယ်မြေရှင်းချီတက်နေသော စစ်ကြောင်းနှင့် အကြမ်းဖက်သမား ၃၀ ဦးခန့်တို့ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူထွက်ပြေးသွားခဲ့၍ ရန်သူ့ကာကင်းအား သိမ်းပိုက်ရရှိခဲ့။ […]

ဟောင်ကောင်မှာ ခြင်မှတစ်ဆင့်ကူးစက်တဲ့ ချီကွန်ဂွန်ညာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိ

ဟောင်ကောင်မှာ ခြင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ချီကွန်ဂွန်ညာဗိုင်းရပ်စ်ကို ဒေသတွင်း ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။ ကူးစက်ခံရသူဟာ ဝမ်တိုင်စင်မှာ နေထိုင်တဲ့ အသက် ၈၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကာ  အောက်တိုဘာ […]

ပါမောက္ခချုပ်ဆရာတော်ကြီး၏ “စိတ်စွမ်းအားကို မြှင့်တင်ပါ” သြဝါဒအဆုံးအမ

နေပြည်တော်၌ ခေတ္တရောက်ရှိသီတင်းသုံးနေတော်မူစဥ် ပါမောက္ခချုပ်ဆရာတော်ကြီးမှ ရေးသားချီးမြှင့်ပေးတော်မူခဲ့သည့် “စိတ်စွမ်းအားကို မြှင့်တင်ပါ”ဩဝါဒ အဆုံးအမအား နာယူကြည်ညိုနိုင်ကြစေရန် ထပ်ဆင့်ဖော်ပြပေးလိုက်ရပါသည်။ “စိတ်စွမ်းအားကို မြှင့်တင်ပါ”

ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်ဆွတ်ခူးရရှိသော စက်ဘီးအားကစားသမားကို သိန်း ၂၀၀ တန်ဖိုးရှိ Professional Racing Bicycle နှင့် ဆုကြေး ချီးမြှင့်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၃၃ ကြိမ်မြောက် SEA GAMES 2025 ပြိုင်ပွဲတွင် ရွှေ၊ ငွေ သို့မဟုတ် ကြေး ဆုတံဆိပ် တစ်ခုခုရရှိသည့် စက်ဘီးအားကစားသမားအတွက် […]

မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ […]