မင်္ဂလာနံနက်ခင်းပါရှင့်

စိတ်ဓာတ်က အရမ်းအရေးကြီးတယ်

စိတ်ဓာတ်တွေ
အရမ်းကြီးပျော့ညံမနေနဲ့
ပတ်ဝန်းကျင်ရဲ့
ဝေန်မှုတွေကို မခံနိုင်ပဲဖြစ်နေမယ်။

စိတ်ဓာတ်တွေ
ခဏခဏကျမနေနဲ့
အလုပ်လုပ်တိုင်း
ပန်းတိုင် မရောက်ပဲဖြစ်နေမယ် ။

စိတ်ဓာတ်တွေ
အောက်တန်းကျမနေနဲ့
အသက်ရှင်လျှက်
ဘဝသေနေတဲ့သူဖြစ်နေမယ် ။

စိတ်ဓာတ်တွေ
ယုတ်မာပြီးမနေနဲ့
တန်ဖိုးရှိတဲ့သူတွေကို
အဝေးကိုမောင်းထုတ်သလိုဖြစ်နေမယ် ။

လူတစ်ယောက်မှာ
စိတ်ဓာတ်က အရမ်းအရေးကြီးတယ်။

ဒါကြောင့်
စိတ်ဓာတ်ကို
အကောင်းဆုံးဖြစ်အောင်
အမြင့်ဆုံးဖြစ်အောင် လေ့ကျင့်ထားပါ ။

🙏အရှင်ဇဝန(ရွှေကုန်းမြေ)🙏

Leave a Reply

Your email address will not be published. Required fields are marked *