မြိတ်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့၌ PDF အဖွဲ့၏ လက်ချက်ကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ ၌ KNU/ PDF အကြမ်းဖက်သမားများက ဝိုင်းဝန်းရိုက်နှက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံးခဲ့သလို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌လည်း PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာလ ၂၆ ရက်၊ ည ၁၂ နာရီ ၂၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပလုံးကျေးရွာနေ ဒေါ်မူမူဝင်း(၄၀)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား ၁၅ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဆိုပါကျေးရွာရှိ ပေါင်းကူးတံတားထိပ်အရောက် ဝိုင်းဝန်းရိုက်နှက်၍ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်မူမူဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

▪️အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာနေ ဦးမင်းဇော်(၄၈)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ခင်ကြိုင်(၄၇)နှစ်၊ ယောက်ဖဖြစ်သူ ဦးကြည်ဝင်း(၅၈)နှစ်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CRD/MHT NEWS

Leave a Reply

Your email address will not be published. Required fields are marked *