မိုးကုတ်၊ မိုးမိတ်ဖြစ်စဉ်က PDF တွေအတွက် ယူတတ်ရင်သင်ခန်းစာပဲ

▪️မိုးကုတ်ကနေ PDF တပ်ပေါင်းစု ဆုတ်ခွာရတဲ့ အရေးကိစ္စကို ကြည့်ရင် .စစ်ရေးဟာ နိုင်ငံရေး အောက်မှာပဲ ရှိတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြခဲ့တဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်တယ်။

မိုးကုတ်မြို့ဟာ MDY PDF နဲ့ NUG အတွက် ဝင်ငွေရှာပေးနိုင်တဲ့ ဒေသဖြစ်လို့  အသက်နဲ့အမျှ အရေးကြီးတယ်ဆိုပေမယ့် လုပ်ပိုင်ခွင့်အာဏာက ပလောင်တွေရဲ့ လက်ထဲမှာပဲ ရှိတဲ့အခါ “မိုးကုတ်မြို့ကို အသက်ပေး ကာကွယ်မယ်” ပြောလည်း ဘေးထွက်ထိုင်ပေးရတာ တွေ့ရလိမ့်မယ်။

ခက်တာက..ဒီချိန်မှာ အရေးကြီးတာက မိုးကုတ်မြို့ကာကွယ်ဖို့ ဆိုတာ ထက် ဒေါ်နယ်ထရမ့်ရဲ့ TPS က  NUG နဲ့ နီပိန်းတွေ အတွက် ပိုအရေးကြီးနေပြန်တယ်။

ပလောင်တွေကတော့ ထုံးစံအတိုင်း မြို့ပေါ်က ရသလောက် ပစ္စည်း အကုန်ခွာတယ်။ မီးစက်တွေ၊ တန်ဖိုးရှိပစ္စည်းတွေကအစ အနီးပတ်ဝန်းကျင်က တန်ဖိုးရှိတဲ့ သစ် တွေအလယ် မိုးကုတ်မြို့ဂေါက်ကွင်းမှာ ရေကန် တူးပေးခဲ့တာ အဆုံးပေါ့လေ။

မိုးကုတ်မြို့ခံ ဘဝ က သေချာ ပြန်တွေးကြည့်ရင် ရင်နာစရာတော့ ကောင်းတယ်။ ပလောင်တွေ ဝငိလာတော့လည်း သပြေပန်းနဲ့လည်း ကြိုရ၊ ပလောင်ဒေသ ဗုံးမကြဲခံရဖို့ မြို့ကိုပါ အဆစ် ထိုးကျွေးလိုက်ရသေးတယ်။

နိုင်ငံရေးဟာ ယူတတ်ရင် သင်ခန်းစာတွေချည်းပဲ။

(▪️နရီမိုး)

Leave a Reply

Your email address will not be published. Required fields are marked *