စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းမှာ အကြမ်းဖက် PDF တွေ ဦးစီးလုပ်ကိုင်နေတဲ့ ရွှေမျောတွေကို တပ်မတော်က လေကြောင်းနဲ့ ထပ်မံဗုံးကြဲရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
ယနေ့ နိုဝင်ဘာလ (၂၇)ရက် နံနက် (၉)နာရီအချိန်က လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှာ အကြမ်းဖက် PDF တွေ ဦးစီးတူးဖော်နေတဲ့ ရွှေမျောတွေကို တပ်မတော်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
ယင်းသို့ တပ်မတော်က လေကြောင်းနဲ့ ရှင်းလင်းမှုကြောင့် ရွှေမျောလုပ်ကိုင်နေတဲ့ အကြမ်းဖက် PDF အဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း များပြားတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၅)ရက်ကလည်း မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာအနီးမှာရှိတဲ့ ချင်းတွင်းမြစ်အတွင်းက ရွှေမျောတွေကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့ပါတယ်။
နိုဝင်ဘာလ (၂၂)ရက်ကလည်း လောင်းပြည့်ကျေးရွာအနီးရှိ ချင်းတွင်းမြစ်အတွင်းက ရွှေမျောတွေကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့ပါတယ်။
လောင်းပြည့်ကျေးရွာအနီးရှိ ချင်းတွင်းမြစ်အတွင်းမှာ ရွှေမျောတွေ မလုပ်ဖို့ ဒေသခံတွေက ဆန္ဒပြ တောင်းဆိုခဲ့ပေမယ့် အကြမ်းဖက် PDF အဖွဲ့ဝင်တွေက ဆန္ဒပြတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီး ရွှေမျောတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
#PeopleMedia
