၂၀၂၅-ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့် ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခု(နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တို့မှ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး အခြေခံပညာသင်တန်း (GRADE-10, GRADE-11, GRADE-12)များကို ၎င်းဒေသများတွင် ဆက်တိုက်ပညာ သင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူထားပါကြောင်း၊ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါကြောင်း သိရသည်။
လျှောက်လွှာများကို ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ နောက်ဆုံးထား၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန Website www.moh.gov.mm နှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန Website www.hrh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ကြေညာထားရှိပါသည်။
