၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြင်သစ်လက်ရွေးစင်အသင်းကို ဇီဒန်း ကိုင်တွယ်မည်

ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်း အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြင်သစ် လက်ရွေးစင်အသင်းကို ကိုင်တွယ်မည်ဖြစ်ကြောင်း စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်း ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဇီဒန်း ဟာ နည်းပြဘဝတွင် ရီးရဲလ်မက်ဒရစ် တစ်သင်းတည်းကိုသာ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်ကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။

သို့သော် နည်းပြလောကသို့ သေချာပေါက်ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသလို ပြီးခဲတဲ့ရက်ပိုင်း အတွင်းက မကြာမီတွင်နည်းပြအဖြစ် ပြန်လည်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇီဒန်း အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြင်သစ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း အဆိုပါသတင်းစာကဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းကို လက်ရှိအချိန်တွင် ဇီဒန်း ရဲ့အသင်းဖော်ဟောင်း ဒက်ချမ့် က ကိုင်တွယ်နေသော်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးအထိသာ စာချုပ်ချုပ်ဆိုထားကာ စာချုပ်ကုန်ချိန်တွင် လမ်းခွဲမယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။

CRD/PAN

Leave a Reply

Your email address will not be published. Required fields are marked *