ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ မနေ့က ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော်ညစာစားပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ စီရော်နယ်လ်ဒိုဟာ အဲဒီညစာစားပွဲကို ဆော်ဒီမင်းသား မိုမာမက်ဘင်ဆယ်လ်မန်နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး အခြားနာမည်ကျော်များစွာကိုလည်း ဒေါ်နယ်ထရန့်က ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။
အဲဒီညစာစားပွဲမှာ စီရော်နယ်လ်ဒိုက ဒေါ်နယ်ထရန့်ရဲ့ သားဖြစ်သူ ဘာရွန်နဲ့လည်း တွေ့ဆုံခဲ့ရပြီး ဧည့်သည်တော်တွေကို နှုတ်ဆက်စကားပြောကြားရာမှာ ဒေါ်နယ်ထရန့်က ” ကျွန်တော့်သားက စီရော်နယ်လ်ဒိုရဲ့ အကြီးစားပရိသတ်ဖြစ်တယ်” လို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရန့်က စီရော်နယ်လ်ဒိုဟာ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ဖူးသူလည်းဖြစ်ပါတယ်။
Photos: X



