ဘယ်လိုသူတွေက ပြည်သူ့စစ်မှုထမ်းကာလ စစ်မှုထမ်းသက်တမ်း သုံးပုံတစ်ပုံ လျှော့ချခွင့်ရကြလဲ

ပြည်ဖျက်မီဒီယာတွေ သိဖို့….

အစောတုန်းကတော့ မရေးတော့ပါဘူးဆိုပြီးနေတာ အခုက Social Media ပေါ်မှာ ပြည်ဖျက်မီဒီယာတွေက ပေါက်ပန်းလေးဆယ် ရေးနေကြလွန်းလို့ ဒီပို့စ်ကို ရေးလိုက်ပါတယ်။

အရင်ဆုံးမေးချင်တာက ပြည်ဖျက်မီဒီယာတွေ စာရောဖတ်တတ်ရဲ့လားပေါ့.. ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြဌာန်းချက်တွေရော သိရဲ့လားလို့။ ဥပဒေမှာ ပါတာတွေကို ကျနော်အရင် ရှင်းပြပါမယ်။

(ဘယ်လိုလူမျိုးတွေ လျှော့ပေါ့ခွင့် ရသလဲ)

(၁) မိဘ ၂ ပါးစလုံး နိုင်ငံ့ဝန်ထမ်း [နှစ်ပေါင်း ၂၀ ထက်မနည်း] တာဝန်ထမ်းဆောင်နေသူများ၏ သား/သမီးများ၊ မိဘ ၂ ပါးစလုံး သက်ပြည့်အငြိမ်းစားယူပြီးသူများ၏ သား/သမီးများဟာ စစ်မှုထမ်းသက်တမ်း တစ်ဝက်တိတိ လျှော့ချနိုင်။ မြန်မာနိုင်ငံမှာ ၂ နှစ် သတ်မှတ်ထားတော့ ၁ နှစ်ပဲ တာဝန်ထမ်းဆောင်ရပါမယ်။

(၂) မိဘ တစ်ပါးပါး နိုင်ငံ့ဝန်ထမ်း [နှစ်ပေါင်း ၂၀ ထက်မနည်း] တာဝန်ထမ်းဆောင်နေသူများ၏ သား/သမီးများ၊ မိဘ တစ်ပါးပါး သက်ပြည့်အငြိမ်းစားယူပြီးသူများ၏ သား/သမီးများဟာ စစ်မှုထမ်းသက်တမ်း သုံးပုံတစ်ပုံ လျှော့ချနိုင်။ မြန်မာနိုင်ငံမှာ ၂ နှစ်(၂၄ လ) သတ်မှတ်ထားတော့ (၁၆ လ)ပဲ တာဝန်ထမ်းဆောင်ရပါမယ်။

လျှော့ပေါ့ခွင့်ကို ဒီလိုမျိုး ပြဌာန်းထားပါတယ်။ ဒါကြောင့် စစ်မှုထမ်းများရဲ့ သား/သမီးသာမက နိုင်ငံ့ဝန်ထမ်းများရဲ့ သား/ သမီးများပါ တစ်ပြေးညီ ခံစားခွင့်ရှိပါတယ်။

(ဘယ်လိုလူမျိုးတွေ ကင်းလွတ်ခွင့် ရသလဲ)

(၁) သာသနာ့ဝန်ထမ်းများ
(၂) အမြဲတမ်း မသန်စွမ်းသူများ
(၃) သားသမီးရှိသည့် အိမ်ထောင်ပျက်အမျိုးသမီးများ
(၄) ဆေးဘုတ်ကျသူများ
(၅) ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုထားသူများ (ရူးသွပ်နေသူများ၊ ကျဆုံးစစ်သည်/ရဲ/ပသစ သားသမီးများ၊ ဆရာဝန်/သူနာပြုများ၊ ဆုတံဆိပ်ရ အားကစားသမားများ) ဒီလိုလူမျိုးတွေ ကင်းလွတ်ခွင့်ရပါတယ်။

(ရှောင်လွှဲရင် ဘယ်လိုပြစ်ဒဏ်ရနိုင်သလဲ)

(၁) မှတ်ပုံတင်ရန်/ဆေးစစ်ရန်/စစ်မှုထမ်းရန် ဆင့်ခေါ်မှုအား ပျက်ကွက်ပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပါတယ်။

(၂) ပြစ်ဒဏ်လွတ်မြောက်ပါက ပြည်လည်စစ်မှုထမ်းရပါမယ်။

ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အရေးကြီးအချက်တွေကတော့ ဒါတွေပါပဲ။ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအတု/သတင်းအမှားတွေကို နားမယောင်မိဖို့ ဒီအချက်တွေ သိထားဖို့လိုပါတယ်။

အခုလာမယ့် ဧပြီလမှာ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁) အဖွဲ့တွေ တာဝန်ပြီးဆုံးပြီဖြစ်တဲ့အတွက် အမြဲတမ်းစစ်မှုထမ်းရန် ဆန္ဒပြုသူများမှအပ ကျန်သူများကို အစိုးရက ပြန်လည်လွှဲပြောင်းပေးပါလိမ့်မယ်။။။

Leave a Reply

Your email address will not be published. Required fields are marked *