တာဝန်ထမ်းဆောင်မှုကာလ သုံးပုံတစ်ပုံ လျှော့ပေါ့ခွင့် ရရှိသူတွေကတော့ မိခင်ရင်ခွင်ကိုပြန်ကြပြီ

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေတဲ့ တာဝန်သိ နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းလေးတွေထဲက အပစ (၁) က အချို့စစ်သည်တွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်မှုကာလ သုံးပုံ တစ်ပုံ လျှော့ပေါ့ခွင့် ရရှိသူတွေအနေနဲ့သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်သွားပြီဖြစ်ပါတယ်…

အဲ့ဒီပြည်သူ့စစ်မှုထမ်းလေးတွေကို တောင်ကြီးမြို့မှာ အခမ်းအနားပြုလုပ်ပြီး တာဝန်ထမ်းဆောင်ခွင့် ပြီးဆုံးကြောင်း ဂုဏ်ပြုလက်မှတ်တွေ၊ ဂုဏ်ပြုချီးမြှင့်ငွေတွေနှင့်အတူ မိဘတွေထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်…

ဥပဒေကို နားမလည် ပြည်သူ့စစ်မှုထမ်းလေးတွေကို အဆိုးမြင်နေတဲ့သူတွေဟာ တာဝန်ပြီးဆုံးလို့ မိဘရင်ခွင်ထံ ပြန်လည်ရောက်ရှိသွားတဲ့ တာဝန်ကျေ နိုင်ငံ့သားကောင်းတွေကို ပုံရိပ်ကျဆင်းစေရန် ကျန်းမာရေးမကောင်းလို့ စစ်တပ်ထဲက ပြန်လွှတ်တဲ့ ပုံစံမျိုးနဲ့ သတင်းတု၊ သတင်းမှားတွေ ထုတ်လွှင့်လျက်ရှိပါတယ်…

အမှန်စင်စစ်စစ် တပ်မတော်အနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်အညီ တာဝန်ပြီးဆုံးတဲ့သူများအနက် အမြဲတမ်း စစ်မှုထမ်းဆောင်ရန် ဆန္ဒမရှိသူတွေကို သူတို့ရဲ့ မိဘတွေထံ ပြန်လည်အပ်နှံပေးပြီး ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်မရှိသူတွေကိုလည်း အလုပ်အကိုင်တွေ ရှာဖွေပေးသွားမယ်လို့ သိရပါတယ်…

မကြာမီမှာ ပြည်သူ့စစ်မှုထမ်း အပစ(၁) သင်တန်းဆင်းစစ်သည်တွေ သတ်မှတ်ကာလပြည့်မြောက်တော့မှာ ဖြစ်တဲ့အတွက် ယခုလို အခမ်းအနားတွေ လစဉ် မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *