ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှု ထမ်းဆောင်ပြီးကြောင်း လက်မှတ်ထုတ်ပေးပွဲကျင်းပ

တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းစစ်သည်များအနက်မှ သုံးပုံတစ်ပုံ လျှော့ပေါ့ခွင့်ရရှိသည့် သတ်မှတ် စစ်မှုထမ်းကာလပြည့်မြောက်အောင် တာဝန်ထမ်းပြီးသူများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ် ထုတ်ပေးပွဲကို နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြပါတယ်။

-ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားပါတယ်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက် အောင် တာဝန်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်း ဆောင်ပြီးကြောင်း လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပါတယ်။

-ထို့ပြင် ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများအား အလုပ်အကိုင်ရရှိရေး ၎င်းတို့ဆန္ဒပြုသော အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီနှင့်ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။-KT

Leave a Reply

Your email address will not be published. Required fields are marked *