ဆည်တော်ကြီးကို တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် အလောင်းလက်နက်များရရှိခဲ့ကြောင်း သိရသည်။ အကြမ်းဖက်များအနေဖြင့် ဆုတ်ခွာစဉ်အတွင်း ဆည်တော်ကြီးဆည် ရေလှောင်တမံရှိ ရေထိန်းတံခါးနှင့် စက်ပစ္စည်းများကို မိုင်းထောင်ဖျက်ဆီးရန်အတွက် မိုင်းများထောင်ထားခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းခဲ့ရသည်။












