ပြည်သူအများစုလိုလားတောင်းတတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းလာရေး ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖို့အရေးကြီးပါတယ်…
ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ဖို့ မဖြစ်မနေလုပ်ရမဲ့လုပ်ငန်းစဉ်ကတော့ ရွေးကောက်ပွဲဖြစ်ပါတယ် လွတ်လပ်ပွင့်လင်းပြီးတရားမျှတတဲ့ရွေးကောက်ပွဲ၊ သိက္ခာရှိပြီး၊ အောင်မြင်တဲ့ ရွေးကောက်ပွဲအဖြစ် အားလုံးလက်ခံပြီး( Legitimacy) ဖြစ်ဖို့အတွက် နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်…..
နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရား အပြောင်းအလဲအတွက် ကိုယ့်မြို့၊ ကိုယ့်ရွာ ဖွံ့ဖြိုးတိုးတက် တည်ငြိမ်အေးချမ်းဖို့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရာမှာလူတိုင်းမှာ တာဝန်ရှိပါတယ်…..
ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး နိင်ငံသားတိုင်းမှာ တာဝန်ရှိပြီး ကျရာ ကဏ္ဍကနေ အားလုံးလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်…..
လုပ်ပေးဖို့ တာဝန်ရှိလာရင် နိုင်ငံသားတစ်ယောက်တာဝန်ကျေပွန်ဖို့အတွက် လုပ်ပေးရမှာဖြစ်ပြီး မလုပ်ရင်တော့ တာဝန်မကျေပွန်တဲ့ နိုင်ငံသားတစ်ယောက်အဖြစ်သတ်မှတ်ခံရမှာဖြစ်ပါတယ်……
အထူးသဖြင့် အနုပညာနယ်ပယ်မှာ တာဝန်ကျေပွန်တဲ့အနုပညာရှင်တွေကို ရွေးကောက်ပွဲမဖြစ်အောင် နှောက်ယှက်ဟန့်တားနေတဲ့ အဖျက်သမားတွေက ပြစ်တင်ဝေဖန်နေချိန်မှာ တာဝန်မကျေပွန်တဲ့ အနုပညာရှင်တွေကိုလည်း သက်ဆိုင်ရာက လိုအပ်သလိုခေါ်ယူ စစ်ဆေးပြီး ပူးပေါင်းပါဝင်ပေးဖို့ စည်းရုံးလုပ်ဆောင်နေကြောင်း သိရှိရပါတယ်…
