ရေစကြို PDF စခန်းအား တပ်မတော်စစ်ကြောင်းများရှင်းလင်း

နိုဝင်ဘာ ၅ ရက် နေ့လည်ပိုင်းအချိန်က ရေစကြိုမြို့နယ်အတွင်းရှိ ရှင်မတောင်သို့ လုံခြုံရေးအဖွဲ့များမှ သွားရောက်ရှင်းလင်းရာ PDF အကြမ်းဖက်သမား ၂၀ ဦးခန့်မှ စောင့်ကြိုတိုက်ခိုက်သဖြင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရန်သူ့စခန်း ၁ ခု သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) ပြောက်ကျားဝတ်ကျား ၂ လောင်း
(၂) လက်လုပ်သေနတ်အရှည် ၂ လက်
(၃) လက်လုပ်စိန်ပြောင်း ၂လက်
(၄) လက်လုပ် Drop Bomb ၅လုံး
(၅) လက်လုပ်မိုင်း ၄လုံး
(၆) လက်လုပ်နင်းမိုင်းအသေး ၆လုံး
(၇) ပစ်ကျင်း ၂၀ကျင်း
(၈) ဆိုလာအကြီး ၂ချပ်
(၉) ဆက်သွယ်ရေးမြောင်း ၆၀ ပေ
(၁၀) လူနေတဲ ၄ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *