၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုရှိ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို အဝေရာမီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး နှင့် တာဝန်ရှိသူများက စူဠာမုနိလောကချမ်းသာ ဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ကြပြီး စိန်နားပန်မီးပုံးပျံတစ်လုံး လွှတ်တင်ပူဇော်ပေးခဲ့ပါတယ်။
တောင်ကြီးမြိုတန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၂၉) ရက်မှ နိုဝင်ဘာ (၅) ရက်အထိ (၈)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါတယ်။
အဆိုပါ ပွဲတော်ကာလအတွင်း မြိုလုံးကျွတ်ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးပဒေသာပင် လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ (၂၅၈) လုံး၊ ညလွှတ်မီးပုံးပျံညမီးကြီး (၄၃) လုံး၊ စိန်နားပန်မီးပုံးပျံ (၃၇) လုံးဖြင့် မီးပုံးပျံပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ် ကြောင်း သိရပါတယ်။
News




