တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲမလုပ်မီ နေ့လွှတ်အရုပ်မီးပုံးပျံ လွှတ်တင်ယှဉ်ပြိုင်မှုများ ယနေ့စတင်

ရှမ်းပြည်နယ်၊ တောင်ကြီးမြိုရဲ့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲမပြုလုပ်မီ နေ့လွှတ်အရုပ်မီးပုံးပျံ လွှတ်တင်ယှဉ်ပြိုင်မှုတွေကို ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းက တောင်ကြီးမြို၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းမှာ စတင်ဆောင်ရွက်ခဲ့ကြတယ်လို သိရပါတယ်။

အဲဒီ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဒီနှစ်မှာ ပြိုင်ပွဲဝင် မီးပုံးပျံအရေအတွက် များပြားနေတာကြောင့် နေ့လွှတ်အရုပ်မီးပုံးပျံတွေကို ဒီကနေ့ကနေစပြီး အောက်တိုဘာ ၄ ရက်နေ့အထိ လွှတ်တင် ယှဥ်ပြိုင်သွားကြမှာလို ဆိုပါတယ်။

ယခုနှစ်မှာ တစ်နေ့ကို အရုပ်အုပ်စုမီးပုံးပျံ ၁၀ လုံးနဲ့ ညမီးကြီးအပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၇၀ ကျော်အထိ လွှတ်တင်နိုင်ဖို စီစဉ်ထားတယ်လို သိရပြီး ပွဲတော်ကာလ ယာဉ်ကြောပိတ်ဆိုမှုပြဿနာတွေကို လျှော့ချနိုင်ဖိုအတွက် အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်အတွင်း ညနေ ၄ နာရီကနေ နောက်တစ်နေ့ မနက် ၄ နာရီအထိ ကုန်တင်ကားနဲ့ တွဲကားတွေ သွားလာခွင့်ကို ယာယီပိတ်ထားမယ်လိုလည်း သိရပါတယ်။

News

Leave a Reply

Your email address will not be published. Required fields are marked *