အစိုးရထုတ်နေ့စဉ်သတင်းစာတွေမှာ ဆောင်းပါးရှင် မင်းခန့်က….
အုပ်ချုပ်ရေးယန္တရား အပြောင်းအလဲအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ အလွန်အင်မတန် အရေးကြီးကြောင်း။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားသူတွေဟာ အာဏာရူးသူတွေ၊နိုင်ငံရေး ရေချိန်နိမ့်ပါးသူတွေဖြစ်ကြောင်း။
ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားတဲ့ ပြည်ပြေးနိုင်ငံရေးသမား ၊လက်နက်ကိုင်သူပုန်တွေဟာ ပြည်သူတစ်ရပ်လုံးရဲ့ ရန်သူဖြစ်ကြောင်း။
မြို့နယ် ၃၃၀ လုံးမှာ ရွေးကောက်ပွဲ မလုပ်နိုင်လည်း လုပ်လို့ရတဲ့ မြို့နယ်မှာလုပ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်နဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်ယူမှာဖြစ်ကြောင်း။
ဟိုလူမပါလို့၊ ဒီပါတီဝင်မပြိုင်လို့ စစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောနေသူတွေဟာ ဒီမိုကရေစီရေချိန် နိမ့်ပါးပြီး ပုဂိုလ်ရေးကိုးကွယ်သူများသာဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ပြစ်တင်ရေးသားထားတာကို တွေ့ရပါတယ်….


