သီပေါမြိုရှိ မြိုနယ်ပြည်သူ့ဆေးရုံကြီးပြန်လည်ဖွင့်လှစ်

သီပေါမြိုအား တပ်မတော်မှပြန်လည်ထိန်းချုပ်သိမ်း ပိုက်ခဲ့ပြီးနောက် ဒေသခံများအားကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနိုင်ရန် အကြမ်းဖက်အဖွဲများဖျက် ဆီးသွားသည့် သီပေါမြိုနယ်ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်မှုများပြုလုပ်ပြီးနောက် အောက်တိုဘာ ၂၃ ရက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို ပြန်လည်ဖွင့်လှစ်ပြီးနောက် တပ်မတော်ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ဆေး ရုံမှကျန်းမာရေးဝန်ထမ်းများက ဒေသခံ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး(၂၆)ဦးတိုအား အဖျားရောဂါ၊ အထွေထွေရောဂါတိုနှင့်ပတ်သက်၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

▪️Truth Waves

Leave a Reply

Your email address will not be published. Required fields are marked *