KK Park ရဲ့ နောက်ကွယ်ကလက်မဲကြီး(ဖဒိုကွယ်ထူးဝင်း)

BGF စောချစ်သူကိုင်ထားတာက တရုတ်လုပ်ငန်းရှင်တွေနှင့်ပူးပေါင်းထားတဲ့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းပါ ။ BGF ရုံးစိုက်ရာနေရာဆိုပြီးလည်းပြောနိုင်တယ် သူက မြဝတီမြို့အထက်ဘက်မှာရှိတာ။

KK park ဆိုတာက မြဝတီမြို့အောက်ဖက်မှာရှိတာ။ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေ့ကော်( အခုတပ်မတော်သိမ်းပိုက် ) အရှေ့ဘက်ခြမ်း ထိုင်း-မြန်မာနယ်စပ်မှာရှိတာ

၎င်း KK Park စီမံကိန်းကိုလုပ်ဆောင်ရန် မုလအိအလင်း (Mu La Ei Ahlin) ကုမ္ပဏီနှင့် Tran-Asia International Holding Group (Thailand) ကုမ္ပဏီတို့ အကြား ကနဦးလုပ်ကွက်အတွက် လုပ်ငန်းမြေ ငှားရမ်းခြင်း သဘောတူညီမှုကို ၁၇ ရက်၊ ဖေဖော်ဝါရီ ၂၀၂၀ ခုနှစ်တွင် လုပ်ဆောင်ခဲ့ပြီး စာချုပ်ထဲတွင် မုလအိ အလင်း ကုမ္ပဏီသည် “KNU အဖွဲ့အစည်းပိုင်ကုမ္ပဏီ” ဟု ဖော်ပြထားပြီး Tran-Asia International Holding Group (Thailand) မှာ Huanya International Holding Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်ပါတယ်

၎င်းသဘောတူစာချုပ်တွင် မြေငှားပေးမည့်သူအဖြစ် မုလအိအလင်းဘက်မှ စောဝင်းကျော်၊ စောကျော်သူ တို့က လက်မှတ်ထိုးပြီး Tran-Asia International Holding Group ဘက်မှ နိုင်ကြာမူးစဝမ်း က လက်မှတ်ထိုးခဲ့ပါတယ်
ပြီးတော့ မြေငှားပေးသူ အသိသက်သေများတွင် မုလအိအလင်းဘက်မှ လက်ရှိ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက KNU ဘဏ္ဍာရေးကော်မတီ (ဗဟို) အနေဖြင့် လက်မှတ်ရေးထိုးထားပြီး ယခင် KNU ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး စောရော်ဂျာခင် ကလည်း KNU ဘဏ္ဍာရေးကော်မတီ (ဗဟို) အနေဖြင့် လက်မှတ်ရေးထိုးခဲ့ပါတယ်

စာချုပ်ပါ ငှားရမ်းလိုသောမြေမှာ စုစုပေါင်း ဧက ၁၀၀ ခန့်ရှိပြီး စာချုပ်ချုပ်သည့်နေ့မှစ၍ နှစ်သုံးဆယ် မြေငှားရန် သဘောတူထားခဲ့ပါသည်တဲ့

စာချုပ်ပါအချက်အလက်အရဆိုရင် တဧကလျင် တစ်နှစ် ဘတ် ၃၅၀၀၀ (သုံးသောင်းငါးထောင်) နှုန်းဖြင့် ဧက ၁၀၀ အတွက် တနှစ်လျှင် ဘတ် ၃,၅၀၀,၀၀၀ (သုံးသန်းခွဲ) ဖြစ်ပြီး ၆ လတကြိမ် ၁,၇၅၀,၀၀၀ ပေးချေပါမည်ဟု ကတိပြုထားခဲ့ပါတယ်

ထို့အပြင် ဧက ၃၀ အတွက် လုံခြုံရေး စောင့်လျှောက်ခ တလလျှင် ဘတ် ၅ သိန်းသတ်မှတ်ထားပြီး စီမံကိန်း ဧရိယာ ကျယ်ဝန်းလာသည်နှင့်အမျှ လုံခြုံရေးစရိတ်တိုးမြှင့်ပေးမည်ဟုလည်း ကတိပြုထားပါတယ်။ ၎င်းမြေနေရာလုံခြုံရေးကိုတော့ KNU ဘက်ကပေးရမှာပါ ။

ဆိုတော့ KK Park ကနေ KNU ဗဟိုအတွက် တစ်နှစ်ကိုဘယ်လောက်အထိအကျိုးအမြတ်ရှာပေးနိုင်တဲ့လုပ်ငန်းဖြစ်မယ်ထင်လဲ ?
ဒီစာချုပ်ကိုကြည့်မယ်ဆိုရင် ယခင်အစိုးရဟောင်းလက်ထက်တွေမှာ မြဝတီမြို့သစ်တည်တာကို အကြောင်းပြပြီး ဒူးပလာယာခရိုင်အတွင်းက KNU တပ်မဟာအုပ်ချုပ်သူတွေနဲ့ KNU ဗဟိုကပဲ ဦးစီးဦးဆောင်ပြုပြီး ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်ဆိုတာပိုထင်ရှားတယ် …

ဒီလို KNU အဖွဲ့က ကျားဖြန့်ကိစ္စမှာ ကိုယ်တိုင်ဦးဆောင်ပြီး ထဲထဲဝင်ဝင်လုပ်နေတာတောင် BGF ကိုထိုးချနေသေးတယ်…

ပြောရရင် KK Park ဆိုတာက KNU ဗဟိုအတွက် စီးပွားရေးနှင့်ထောက်ပံ့ရေး အခြေခံစနစ် (Economic & Logistics Base) ပဲဖြစ်ပါတယ်

crd

Leave a Reply

Your email address will not be published. Required fields are marked *