အဲ့ဒီနေရာတွေက ရန်သူနှင့်ရင်ဆိုင်တဲ့နေရာမှာ Attrition Warfare အတွက် တပ်မတော်ကပြင်ဆင်ထားတဲ့ ဗျူဟာ စစ်မြေပြင်တွေပေါ့။
Attrition Warfare ကို ရိုးရိုးလေးနားလည်လွယ်အောင်ပြောရရင် အရင်းအမြစ်များ ကုန်အောင်တိုက်ရန်အတွက် ရေးဆွဲ ထားတဲ့ဗျူဟာတစ်မျိုးဆိုပြီး နားလည်နိုင်ပါတယ်။
ရန်သူကို မိမိပြင်ဆင်ထားတဲ့ Decoy Strategy အခင်းအကျင်း တစ်နည်းပြောရရင် အမှည့်ချွေဗျူဟာအတွက် ခင်းကျင်းထားတဲ့ ပစ်မှတ်နေရာများကို တိုက်ခိုက်စေခြင်းဖြင့် ရန်သူ၏ လက်နက်၊ ခဲယမ်း၊ လောင်စာ၊ လူအင်အားနှင့် အချိန်များကို အကျိုးမရှိ ဆုံးရှုံးစေရန် ရည်ရွယ်တာမျိုးပါ။
တောင်ပိုင်းမှာ KNU တိုက်စစ်ကို ဦးချိုးပြီး လက်ရှိတန်ပြန်တိုက်စစ်ဆင်ကာ မြဝတီကိုပြန်လည်ထိန်းချုပ်နိုင်တဲ့အထိ အရှိန်ရခဲ့တာဟာ ဝေါလေခံစစ်ကနေအစပြုခဲ့ပါတယ်။
အလားတူ TNLA အတွက် စစ်ဦးကျိုးပြီး စစ်ရေးကစားကွက်ကျဉ်းမြောင်းလာစေခဲ့ခြင်း၏ အဓိကတရားခံကိုပြဆိုရင် တောင်ခမ်းပါပဲ။ KIA အတွက်ကတော့ ဗန်းမော်ပေါ့။
အခု AA အတွက် ဝေါလေလို၊ တောင်ခမ်းလိုနေရာဟာ နတ်ရေကန်ပဲဖြစ်ပြီး လိုင်းပေါ်မှာတော့ ခဏခဏ အသိမ်းခံနေရပေမယ့် တကယ့်စစ်မြေပြင်မှာတော့ တဖြုတ်ဖြုတ်ကြွေနေတာ AA တွေပဲဖြစ်ပါတယ်။
ရေရှည်တိုက်ပွဲအတွက် ဗျူဟာချမှတ်ရာမှာလည်း Attrition Warfare ဟာ အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်နေပြီး ရန်သူ၏အင်အားကို တဖြည်းဖြည်းချိုးနှိမ်ရန် ဦးတည်တဲ့အတွက် မိမိဘက်ကနေပြင်ဆင်ရမှာကတော့ ရန်သူထက် လူအင်အား၊ လက်နက်ခဲယမ်းများကို Logistics လမ်းကြောင်းမပြတ်တောက်စေဘဲ အင်အားဖြည့်ပေး နိုင်ရန်လိုအပ်ပါတယ်။
ဥပမာပြောရရင် Logistics အတွက် ကုန်းလမ်းကြောင်းပြတ်တောက်နေတဲ့အခါ ရေလမ်းကြောင်းနှင့် လေကြောင်း လမ်းကနေ Logistics ချိတ်ဆက်ပြီး အင်အားဖြည့်တင်းတာမျိုးပေါ့။
တပ်မတော်က Attrition Warfare အခင်းအကျင်းကနေ တန်ပြန်စစ်ဆင်ရေးအတွက် ဟန်ချက်ညီမှုကိုရရှိသွားခဲ့ပါပြီ။ ၎င်းရလဒ်များကိုလည်း ရှမ်းမြောက်တခွင်နှင့်တောင်ပိုင်းဒေသမှာမြင်နိုင်ပါပြီ။
တရားသောစစ် မုချအောင်ရမည်။
အကြမ်းဖက်သောင်းကျန်းသူများ မုချကျရှုံးစေရမည်။ 👍👍👍
