၂၀၂၄ခုနှစ် ဧပြီလကနေ စတင်ပြီး ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁)ကို လစဉ်စတင်ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် (၁၈) အထိဖွင့်လှစ်နိုင်ခဲ့ပြီး အမှတ်စဉ် ၁၅ အထိ သင်တန်းဆင်းပေးနိုင်ခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း နိုင်ငံ့သားကောင်း ၈ သောင်းနီးပါး တပ်မတော် တပ်ရင်း/တပ်ဖွဲ့ တွေမှာ တာဝန်ထမ်းဆောင်လျက်ရှိနေပြီ ဖြစ်ပါတယ်…-ဒီပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သည်တွေဟာ တပ်မတော်မှာ အလွန်အားကိုးအားထားပြုနေရတဲ့ ခိုင်မာတဲ့အင်အားတစ်ရပ်အနေနဲ့ ရှိနေပြီး ရှေ့တန်းစစ်မြေပြင်မှာ ရဲ့ဝံ့စွန့်စားစွာ စွမ်းရည်သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့ကြလို့ စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့ တံဆိပ်တွေ ချီးကျူးဂုဏ်ပြုမှုနဲ့ စစ်မြေပြင်အဆင့်တိုး ဂုဏ်ပြုခံရသူတွေအများအပြားရှိနေပါတယ်….-သင်တန်းဆင်းပြီးတဲ့ ပြည်သူ့စစ်မှုထမ်းများဟာ သူတို့ရဲ့ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှုအလိုက် လက်ရုံးတပ်ဖွဲ့များသာမက ခြေလျင်၊ခြေမြန် တပ်ရင်းအသီးသီးမှာ ရောက်ရှိတာဝန်ထမ်းဆောင်လျက်ရှိပြီး သင်တန်းအမှတ်စဉ်(၁)ကနေ(၁၄) အထိ စွမ်းရည်သတ္တိဘွဲ့ရ၊ ဘွဲ့ထူးဂုဏ်ထူးရရှိသူ(၁၈၂၀) ဦးရှိနေပြီဖြစ်ပါတယ်…-စစ်ပညာသာမက ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု ၊ စိတ်ဓာတ်၊စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတက်မှုရှိအောင် လေ့ကျင့်ပေးထားတဲ့ ပြည်သူ့စစ်မှုထမ်းများဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြပြီး အပတ်စဉ်(၁) များဟာ မကြာမှီမှာ တာဝန်ထမ်းဆောင်ရမဲ့ကာလပြည့်ရင် စစ်မှုထမ်းဆောင်မှုပြီးဆုံးကြောင်း ဂုဏ်ပြုဆုလက်မှတ်နဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိမဲ့ နိုင်ငံသားကောင်းများအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်တော့မှာဖြစ်ပါတယ်…..
(ခင်ညိုချော)တိုက်ပွဲသတင်းစုံ
