အောက်တိုဘာ ၁၆ ရက် ည (၁၁)နာရီကျော်မှာ တပ်မတော်က KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို အသေခံ Drone တွေနဲ့ တိုက်ခိုက်တယ်လို့ ကချင်မီဒီယာတွေက ဖော်ပြနေကြတယ်။ အလားတူ KIA ရင်း ၁၂ နေရာကိုလည်း လေကြောင်းကနေ ဗုံးကြဲခဲ့သလို ထိခိုက်ဒဏ်ရာရသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်ရေးလုပ်နေတုန်း ဒုတိယ အကြိမ် ထပ်မံတိုက်ခိုက်လိုက်တာကြောင့် KIA ၅၀ ကျော် သေသွားခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာ KIA ရင်း ၆ ဌာနချုပ် သင်တန်းကျောင်းနေရာကို လေကြောင်းက တိုက်ခိုက်လို့ KIA အရာရှိတွေအပါ ၁၀၀ နီးပါး သေဆုံး ဒဏ်ရာရခဲ့တယ်လို့ နယ်မြေသတင်းတွေအရ သိရပါတယ်။
ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်ဟာ ကောက်ကျစ်ယုတ်မာတဲ့ KIA အဖွဲ့ကို ချေမှုန်းရေး မြှားဦးလှည့်လာပြီလို့ ဆိုချင်ပါတယ်။ လိုင်ဇာကို Drone Attack လုပ်လိုက်တာဟာ လိုင်ဇာနဲ့ Drone ၁ ကမ်းအကွာမှာ ငါတို့ရောက်နေပြီလို့ သတိပေးလိုက်တာဖြစ်ပြီး ကျန်ဌာနချုပ်တွေကိုလည်း ခပ်စိတ်စိတ် ချေမှုန်းလာတာ တွေ့ရပါတယ်။
လိုင်ဇာဆိုတာ KIO ဌာနချုပ်၊ ရုံးစိုက်ရာနေရာနဲ့ လက်နက်/ခဲယမ်းစက်ရုံတွေ တည်ထားတဲ့မြို့ဆိုတာ အားလုံး သိပြီးသားဖြစ်ပါတယ်။ လက်နက်/ခဲယမ်းစက်ရုံတွေရဲ့ ပတ်လည်မှာ KIA/KIO ဆွေမျိုးသားချင်းတွေ၊ ဂျိမ်းဖောလူမျိုးတွေကို လူသားတံတိုင်းအဖြစ် ကာရံဖို့ ရပ်ကွက်တည်ထားပါတယ်။ ဒါကို တပ်မတော်က အရပ်သား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် GPS လမ်းညွှန် Drone တွေနဲ့ တိကျစွာ ချေမှုန်းပြလိုက်တာပါ။ KIO အဖွဲ့ရဲ့ အုပ်ချုပ်ရေးရုံးနေရာတွေ၊ လက်နက်စက်ရုံတွေဟာ စစ်ရေးပစ်မှတ်ဖြစ်လို့ ယခုထက် ပြင်းပြင်းထန်ထန် ဗုံးကြဲချေမှုန်းသင့်တယ်လို့ မြန်မာနိုင်ငံသား များက ထောက်ပြပြောဆိုနေတာလည်း တွေ့ရပါတယ်။ တပ်မတော်က KIA အကြမ်းဖက်အဖွဲ့လိုမျိုး မြို့/ရွာတွေကို ရှော့တိုက်ဒုံးတွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာမျိုးမဟုတ်ဘဲ သတင်းပေးရဲ့ အတိအကျသတင်းပေးမှု၊ တိကျတဲ့ Drone တွေနဲ့တိုက်ခိုက်တာဖြစ်လို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်တွေသာ သေဆုံးခြင်းဖြစ်ပါတယ်။
စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ လိုင်ဇာတို့၊ မိုင်ဂျာယန်တို့ကို အမှုန့်ချေပစ်နိုင်မှ မြန်မာနိုင်ငံအေးချမ်းမယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိရှိနေကြပါပြီ။ ဒါကြောင့် KIA ကို မြန်မာ့မြေပေါ်က ဖျောက်ပေးဖို့လိုလာပါပြီလို့ပဲ ပြောချင်ပါတယ်။ 👍👍👍
တိုက်ပွဲသတင်းစုံ





