နတ်ရေကန်တောင် လက်ရှိအခြေအနေ

အောက် ၁၉ ရက် အခုသတင်းရေးနေသည့် အချိန်အထိ နတ်ရေကန်တောင်စခန်းရဲ့ မီတာ ၇၀၀၀ ခန့်မှာ ခိုအောင်းနေတဲ့ အကြမ်းဖက် AA သူပုန်တွေကို ရှင်းလင်းပြီးဖြစ်လို့ မီတာ ၈၀၀၀ အတွင်း ဘယ်သူပုန်မှ မရှိတော့ပါ။

အလောင်း ပုံကတော့ မနေ့က ရရှိခဲ့တဲ့ ပုံဖြစ်ပြီး အကြမ်းဖက် AA သူပုန်ကျွန် PDF အလောင်း ဖြစ်နိုင်ပါတယ်။ ဒီနေ့လည်း စခန်းရဲ့ မီတာ ၇၅၀၀ အကွာရှိ AA စခန်းပုန်းကနေ Quad Copter Drone ၃ စီး တက်လာတာမြင်လို့ Drone Gun နဲ့ ဆွဲချ ဖျက်ဆီးနိုင်ခဲ့ပါတယ်။

အလားတူ Drone လွှတ်တင်တဲ့စခန်းအား နယ်မြေရှင်းလင်းစဉ် သိမ်းပိုက်နိုင်ခဲ့ကာ မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူထွက်ပြေးသွားခဲ့ –
(၁) နင်းမိုင်း ၈ လုံး
(၂) ပစ်ကျင်း ၁၀၀ ကျင်း
(၃) fox hole ၁၀၀ ကျင်း
(၄) ဘန်ကာ ၃၀ လုံး
(၅) တဲ ၃ လုံး
(၆) ဆသရမြောင်း ၁၅၀ ပေ တို့အား သိမ်းပိုက်ရရှိခဲ့ပါတယ်။ (ပုံများ ထပ်မံဖော်ပြပါမယ်)

နတ်ရေကန်စခန်းဟာလည်း ဒုတိယတောင်ခမ်းလို ဖြစ်လာပြီး အကြမ်းဖက် AA တွေအတွက် သင်္ချိုင်းမြေ ဖြစ်လို့နေပါတယ်။ စိတ်ဓာတ်ကျနေတဲ့ AA တွေကို မိုတီပေးဖို့ AA lobby တွေနဲ့ ပြည်ဖျက်မီဒီညာတွေကတော့ နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်ပြီဆိုပြီး spywar ထည့်နေတာ အကြိမ် ၁ သိန်းလောက်ရှိနေပါပြီ။ ခိုင်သခေါကို မေးပေးစမ်းပါ.. ပဒါန်းဒေသမှာ တော်တော်အီဆိမ့်နေပြီလားလို့။

Leave a Reply

Your email address will not be published. Required fields are marked *