အကြမ်းဖက်သမားများမှ အပြစ်မဲ့ပြည်သူနှင့် ပညာရေးဝန်ထမ်းများအား ဖမ်းဆီးမှု (အောက်တိုဘာ၁၄)

-အောက်တိုဘာလ ၁၄ ရက် ၀၉၃၀ နာရီတွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ လုံးဖောကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့အင်အား ၃၀ ဦးခန့်သည် အရပ်ဝတ်/ပြောက်ကျားဝတ်၊ လက်နက်ငယ်များ ကိုယ်ဆောင်၍ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ရှိနေသော လုံးဖော ကျေးရွာအုပ်စုတွင်နေထိုင်သော ဦးဝင်းမြင့်(၄၉)နှစ်နှင့် အေးစိုး(ခ)ခေါင်းဖြူ(၅၅)နှစ်တို့အား ကျေးရွာ၏ အနောက်မြောက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-အောက်တိုဘာလ ၁၄ ရက် ၁၆၀၀ နာရီတွင် ချောက်မြို့နယ်၊ ကန်ဆောင်ကျေးရွာဘက်မှ PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်သည် မော်တော်ယာဉ် ၁ စီး၊ ဆိုင်ကယ် ၁ စီး တို့ဖြင့် ချောင်းတက်ကျေးရွာသို့ ရောက်ရှိလာပြီး ချောင်းတက်ကျေးရွာနေ ဦးသန်းထွန်းအောင်(၄၆)နှစ်၊ တောင်သူလုပ်ကိုင်သူအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဦးသန်းထွန်းအောင်၏ အစ်မတော်စပ်သူ ဒေါ်ရီရီဝင်း၏ပြောဆိုချက်အရ အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးမှာနေအိမ်သို့ရောက်ရှိလာပြီး ဦးသန်းထွန်းအောင်အား ဖမ်းဆီးခေါ်ဆောင်ချိန်တွင် ၎င်းတို့ စီးနင်းလာသည့် ယာဉ်ပေါ်တွင် အစ်ကိုဖြစ်သူ အထက(ကျောက်ရဲ)မှ ကျောင်းအုပ် ဦးအောင်ကြီးမြင့် (၅၆)နှစ်၊ ချောင်းတက်ကျေးရွာ၊ ချောက်မြို့နယ်နေသူအား မျက်နှာအဝတ်စီး၍ ဖမ်းဆီးခေါ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *